(0)

 

အာဖဂန်မိန်းကလေးများအတွက်

 

အသံတိတ်ဘဝ

 

တာလီဘန်စည်းမျဉ်းအသစ်၏ အန္တရာယ်

 

 

အာဖဂန်နိုင်ငံတွင် မိန်းကလေးများအပေါ် ကန့်သတ်ချက်အသစ်တစ်ခု ထပ်မံထုတ်ပြန်ခြင်းသည် လူ့အခွင့်အရေးအပေါ် တိုက်ရိုက်ထိခိုက်မှုဖြစ်သလို၊ လူ့အသိုင်းအဝိုင်း၏ အခြေခံတည်ရှိမှုကိုပါ ခြိမ်းခြောက်လာသည်။

 

တာလီဘန်အစိုးရက မိန်းကလေးများ၏ အသံကိုတောင် အခြားမိန်းကလေးတစ်ဦး နားမထောင်နိုင်အောင် တားမြစ်လိုက်ခြင်းသည် သာမန်အာဏာထက်ကျော်သော လွှမ်းမိုးမှုတစ်ခုပင် ဖြစ်လာနေသည်။

 

အခြေခံအခွင့်အရေးများဖြစ်သည့် အသံထွက်ခွင့်၊ မိမိစကားပြောခွင့်၊ ဆုတောင်းခွင့် စသည်တို့ကို တဖြည်းဖြည်းဖယ်ရှားခြင်းသည် မိန်းမများကို တိတ်ဆိတ်နေစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် မိန်းကလေးများအတွက် အသံတိတ်ဘဝ (silent existence) ဟုခေါ်ရမည့် နေရာတစ်ခုစီကို ချဥ်းကပ်နေသည်။

 

အသံကိုလည်း "ကိုယ်ရေးကိုယ်တာအကြောင်းအရာ" ဟု သတ်မှတ်ကာ၊ မိမိစကားကိုထုတ်ဖော်ပြောခွင့်မရှိတော့ခြင်းကြောင့် ၊ မိန်းကလေးများအတွက် လူ့အဖွဲ့အစည်းတွင် ပါဝင်ခွင့်၊ ဆွေးနွေးခွင့်၊ သက်ဝင်မှုများအားလုံးကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

 

ဤသို့သောစည်းမျဉ်းများသည် သာသနာတရားအဖွဲ့အစည်းမှ ထွက်လာသော်လည်း၊ ယုံကြည်ခြင်းကို အကြမ်းဖက်အဖြစ် သုံးစွဲခြင်းဖြစ်ကြောင်း သက်သေအထောက်များအဖြစ် ရပ်တည်နေသည်။

 

ယနေ့ခေတ်အတွင်း လူ့အဖွဲ့အစည်းတစ်ခုမှ မိန်းမတန်းတူအခွင့်အရေးကို တရားဝင်ဖယ်ရှားနေတာ၊ မျက်မှောက်ခေတ် မှာသာမက အနာဂတ်အတွက်ပါ နာကျင်စရာဖြစ်လာနိုင်သည်။

 

ပညာရေး၊ အလုပ်အကိုင်နှင့် လူမှုဆက်ဆံရေးမှ ကင်းကွာခြင်းဖြစ်််််််််နေ ခြင်းကို ခံစားနေရပြီး ယခု အသံတောင် ထွက်ခွင့် မရှိတော့ခြင်းသည် အသက်ရှင်နေခွင့်ကိုတောင် မျှော်လင့်ခွင့်မရှိတော့သည့် အခြေအနေတစ်ခုဖြစ်လာသည်။

 

လူ့အဖွဲ့အစည်းတစ်ခု၏တိုးတက်မှုတွင် မိန်းကလေးများ၏ပါဝင်မှုမှာ မဖြစ်မနေလိုအပ်သည်။

 

သို့သော် အာဖဂန်ရှိ မိန်းကလေးများသည် ယခုအချိန်တွင် မိမိတိုင်အောင် ဆုတောင်းခွင့်တောင် မရှိတော့သော အခြေအနေသို့ရောက်ရှိနေကြသည်။

 

တာလီဘန်အစိုးရ၏ စည်းမျဉ်းသစ်သည် မျှတမှုနှင့်လူသားသဘောတရားနှစ်ခုစလုံးကိုဖျက်သိမ်းနေခြင်းဖြစ်ပြီး၊ ပြည်တွင်းမူနယ်သာမက ပြည်ပလူ့အဖွဲ့အစည်းများ၏ အရေးပေါ် တုံ့ပြန်မှုလိုအပ်သည်။

 

အာဖဂန်မိန်းကလေးများအတွက် အသံပြန်ရအောင် တိုက်ပွဲဝင်ရမည့်အချိန်မှာ ယခုအချိန်ပင် ဖြစ်သည်။